Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 14:3 - Common Language Bible

3-4 မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယော် ဒန် မြစ် တစ် ဖက်၊ နှစ် နွယ် နှင့် တစ် ဝက် တို့ အား၊ မော ရှေ ကိုယ် တိုင် အ ပိုင် ရ စေ ခဲ့ ပြီ။ လေ ဝိ အ နွယ် သား တို့ အား အ မျိုး သား ချင်း နည်း တူ၊ မြေ ပိုင် မ ပေး သော် လည်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 14:3
9 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။-


ဤ​မင်း​များ​ကို​မော​ရှေ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှိမ်​နင်း​ခဲ့​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည်​ထို​မင်း​တို့ ၏​နယ်​မြေ​များ​ကို​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​ခဲ့​လေ​သည်။


မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။


သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။-


ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-


ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ