အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
တောလည် 32:38 - Common Language Bible နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။ Garrad Bible နေ ဗော၊ ဗာ လ မောင်၊ ရှိ ဗ မ မြို့ များ ကို ပြု ပြင် လျက် အ မည် သစ် သ မုတ် ကြ ၏။ Judson Bible နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ်သောအမည်ဖြင့်သမုတ်၍ တည်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း နေဗော၊ ဗာလမုန်၊ (အမည်ပြောင်းထားသောမြို့များ) စိဗမာစသော မြို့တို့ကို တည်ဆောက်ကြ၏။ သူတို့တည်ဆောက်သောမြို့တို့၏အမည်များကို အမည်အသစ်ဖြင့်မှည့်ခေါ်ကြ၏။ |
အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
နေဗောသားချင်းစုမှ ယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလနှင့်ဗေနာယ။
အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။
``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။
ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။-
ဤကားဗာဗုလုန်ဘုရားတို့၏ဇာတ်သိမ်းခန်း ပေတည်း။ အခါတစ်ပါးကလူတို့သည်ဗေလဘုရား နှင့်နေဗော ဘုရားတို့ကိုကိုးကွယ်ဝတ်ပြုခဲ့ကြ၏။ ယခုအခါ၌သူတို့ကိုမြည်းများပေါ်တွင် တင်၍၊ မောပန်းနေသည့်တိရစ္ဆာန်များသယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြ၏။
မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
ဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ကိရယသိမ် မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ ကေရုတ်မြို့၊ ဗောဇရမြို့အစရှိသည့်ကုန်းပြင်မြို့ အပေါင်းတို့သည်အပြစ်ဒဏ်စီရင်တော်မူ ခြင်းကိုခံရကြလေပြီ။ ရပ်နီးရပ်ဝေးရှိ မောဘမြို့မှန်သမျှသည်အပြစ်ဒဏ်စီ ရင်တော်မူခြင်းကိုခံရကြလေပြီ။-
ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။
``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
သင်၏အစ်ကိုအာရုန်သည်ဟောရတောင်ပေါ် တွင် အနိစ္စရောက်ရသည့်နည်းတူ သင်သည်လည်း ထိုတောင်ပေါ်၌အနိစ္စရောက်ရမည်။-
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-