သံလွင်ဆီလေးပိုင့်နှင့်ရောထားသောမုန့် ညက်ခြောက်ပေါင်အပြင်၊-
ထို နွား နှင့် တ ကွ ဘော ဇဉ် သ က္ကာ အ ဖြစ် ဆီ နှစ် ပိဿာ ရော သော မုန့် ညက် သုံး စ ရွတ် ကို လည်း ကောင်း၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ်၊
မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
ထိုနွားသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏တစ်ဝက်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံကို ပူဇော်ရမည်။
အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။-
ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
ဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။-
စပျစ်ရည်လေးပိုင့်ကိုဆက်သရမည်။ ဤ သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
ထာဝရဘုရားအားနွားထီးကိုမီးရှို့ ရာယဇ်သို့မဟုတ်သစ္စာဝတ်ဖြေရာယဇ် သို့မဟုတ်မိတ်သဟာယယဇ်အဖြစ်ပူ ဇော်သောအခါ၊-
ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
သူသည်သားငယ်ကိုနို့ဖြတ်ပြီးသောအခါ သုံးနှစ်သားနွားထီး ကလေးတစ်ကောင်၊ မုန့်ညက်တစ်တင်း၊ စပျစ်ရည် တစ်ဘူးကိုယူဆောင်လျက်သားငယ်နှင့်အတူ ရှိလောမြို့သို့သွား၏။ သားငယ်ရှမွေလသည် လွန်စွာငယ်ရွယ်နုနယ်သေးသတည်း။-