Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 10:33 - Common Language Bible

33 ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ရှေ့တော်မုန့်​၊ ပုံမှန်​ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​၊ ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ဓမ္မ​ပွဲတော်​၊ သန့်ရှင်း​သော​အသုံးအဆောင်​များ​၊ အစ္စရေး​လူမျိုး​တို့​အပြစ်ဖြေ​ရန်​အတွက် အပြစ်ဖြေရာယဇ်​များ​နှင့် ဘုရားသခင့်​အိမ်​တော်​၏​အမှု​အလုံးစုံ​တို့​အတွက် ပေးလှူ​ပါ​မည်​ဟူသော ပညတ်ချက်​ကို ချမှတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:33
7 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-


သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။


သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-


ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ