Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 10:32 - Common Language Bible

32 ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​တစ်​ဦး​လျှင်​ငွေ တစ်​အောင်​စ​၏​ရှစ်​ပုံ​တစ်​ပုံ​ကို ဗိ​မာန်​တော် အ​သုံး​စ​ရိတ်​အ​တွက်​ပေး​လှူ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32-33 ထို မှ တစ် ပါး၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ဝတ် တည်း ဟူ သော ရှေ့ တော် တင် မုန့်၊ ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ တွင် အ စဉ် ဆက် သော ဘော ဇဉ် သ က္ကာ နှင့် မီး ရှို့ ရာ သ က္ကာ၊ ဣ သ ရေ လ လူ မျိုး၏ အ ပြစ် အ ဖို့၊ ဖြေ ခြင်း ကို ပြု ရန် အ ပြစ် ဖြေ ရာ သက္ကာ၊ သီး သန့် ရာ အ လှူ တော် မှ စ သော ဝတ် အ မျိုး မျိုး အ ဖို့၊ တစ် နှစ် လျှင် သုံး မူး ကျ လူ တိုင်း ပေး ရ မည် ဟု ပြ ဋ္ဌာန်း ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ထို​မှ​တစ်​ပါး၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​တည်း​ဟူ​သော ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့​တွင် ရှေ့​တော်​မုန့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ထို့ပြင် ငါ​တို့​ဘုရားသခင့်​အိမ်​တော်​၏​အမှု​တော်​လုပ်ငန်း​အတွက် တစ်​နှစ်​လျှင် တစ်​ယောက်​ကို တစ်​ရှယ်ကယ်​၏​သုံးပုံတစ်ပုံ​ပေးလှူ​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:32
12 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။


သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-


ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-


သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။


ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။-


ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-


ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။


သို့​ရာ​တွင်​သတ္တ​မ​နှစ်​၌​ထွန်​ယက်​စိုက်​ပျိုး​ခြင်း မ​ပြု​ဘဲ မြေ​ကို​အ​လွတ်​ထား​၍​ထို​မြေ​ပေါ် တွင်​ပေါက်​သ​မျှ​သီး​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ ဆင်း​ရဲ သူ​တို့​အား​ထို​မြေ​မှ​ထွက်​သော​သီး​နှံ​ကို​စား စေ​၍ ကြွင်း​ကျန်​သ​မျှ​ကို​တော​တိ​ရစ္ဆာန်​များ အ​တွက်​ဖြစ်​စေ​ရ​မည်။ သင်​တို့​၏​စ​ပျစ်​ခြံ၊ သံ​လွင်​ခြံ​တို့​ကို​လည်း​ထို​နည်း​အ​တိုင်း ပြု​လုပ်​ရ​မည်။


သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။


သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ