ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ ကိုယ် တော်၏လူမျိုးတော်ကိုအပြစ်ဖြေလွှတ်တော်မူ၍ ဘိုးဘေးတို့ကိုပေးတော်မူသည့်ပြည်တော်သို့ သူတို့အားပြန်၍ပို့ဆောင်တော်မူပါ။''
တောလည် 14:19 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။ Garrad Bible မ ဟာ က ရု ဏာ တော် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သည် က စ၍ ယ ခု တိုင် အောင်၊ ဤ လူ မျိုး၏ ဒု စ ရိုက် ကို ဖြေ လွှတ် တော် မူ ခဲ့ သည့် နှင့် အ ညီ ချမ်း သာ ပေး တော် မူ ပါ ဦး ဟု တောင်း လျှောက် သော်၊ Judson Bible အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မေတ္တာကရုဏာတော်ကြီးမြတ်သည်နှင့်အမျှ ကိုယ်တော်သည် ဤလူမျိုးကို အီဂျစ်ပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ခွင့်လွှတ်တော်မူခဲ့သည့်နည်းတူ ဤလူမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု လျှောက်ဆိုလေ၏။ |
ကောင်းကင်ဘုံကနေ၍နားထောင်တော်မူပါ။ ကိုယ် တော်၏လူမျိုးတော်ကိုအပြစ်ဖြေလွှတ်တော်မူ၍ ဘိုးဘေးတို့ကိုပေးတော်မူသည့်ပြည်တော်သို့ သူတို့အားပြန်၍ပို့ဆောင်တော်မူပါ။''
ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။ သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍ သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
ထာဝရဘုရားကမောရှေအား``ငါသည် သင့်ကိုရင်းနှီးစွာသိ၍နှစ်သက်သဖြင့်၊ သင်တောင်းလျှောက်သည့်အတိုင်းငါပြု မည်'' ဟုမိန့်တော်မူ၏။
``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
ထိုကျိုင်းကောင်များသည်တစ်ပြည်လုံးရှိ ရွက် နုပင်မှန်သမျှကိုကိုက်စားလိုက်ကြောင်း ငါမြင်ရ၏။ ငါကလည်း``အို အရှင်ထာဝရ ဘုရား၊ အရှင့်လူတို့၏အပြစ်ကိုလွှတ်တော် မူပါ။ သူတို့သည်နုငယ်၍အားနွဲ့လှပါ ၏'' ဟုလျှောက်ဆိုသော်၊
ငါကလည်း``အို အရှင်ထာဝရဘုရားဆိုင်း တော်မူပါ။ ဤဒဏ်ဆိုးကိုလူမျိုးတော်သည် မည်သို့ခံနိုင်ပါမည်နည်း။ သူတို့သည်နု ငယ်၍အားနွဲ့လှပါ၏'' ဟုလျှောက်ဆို သော်၊-
ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
ယုံကြည်ခြင်းဖြင့်ဆုတောင်းခြင်းသည် လူနာ အားကျန်းမာစေလိမ့်မည်။ သခင်ဘုရားသည် သူ့အားကျန်းမာလာစေတော်မူ၍ သူပြုမိ သောအပြစ်များကိုလည်းဖြေလွှတ်တော်မူ လိမ့်မည်။-