Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 34:9 - Common Language Bible

9 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ရှင် ဘု ရား၊ အ ကျွန်ုပ် သည် ရှေ့ တော်၌ မျက် နှာ သာ ရ ပါ လျှင် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သော ကြောင့် အ ကျွန်ုပ် တို့ အ လယ် တွင် ကြွ တော် မူ ပါ။ အ ရှင် ဘု ရား၊ အ ကျွန်ုပ် တို့ ဒု စ ရိုက် အ ပြစ် များ ကို လွှတ်၍ အ ကျွန်ုပ် တို့ ကို ကိုယ် တော် ပိုင် သိမ်း ပိုက် တော် မူ ပါ ဟု တောင်း လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 34:9
23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ယာ​ကုပ်​အား​မိ​မိ​အ​ဖို့​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​၏ ပိုင်​ရာ​တော် ဖြစ်​စေ​ရန်​လည်း​ကောင်း​ရွေး​ချယ်​တော်​မူ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။


ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။


သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။-


မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-


ငါ​သည်​ထောင်​သောင်း​မ​က​များ​ပြား​သော အ​မျိုး​အ​စဉ်​အ​ဆက်​တို့​အား ငါ​၏​က​တိ သစ္စာ​ကို​တည်​စေ​မည်။ ငါ​သည်​ဒု​စ​ရိုက်​နှင့် အ​ပြစ်​တို့​အ​တွက်​လူ​တို့​အား​အ​ပြစ်​လွှတ် မည်။ သို့​ရာ​တွင်​မိ​ဘ​တို့​၏​အ​ပြစ်​ကို​သား စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တုတ္ထ အ​ဆက်​သို့​တိုင်​အောင်​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​သံ​ကဲ့​သို့​တင်း​မာ​လျက်၊ ကြေး​ဝါ​ကဲ့​သို့​မာ​ကြော​လျက်၊ခေါင်း​မာ နေ​ကြ​လိမ့်​မည်​ကို​ငါ​သိ​၏။


ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-


တစ်​ဖန်​တုံ​ယု​ဒ​နယ်​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​ပြည်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ထူး ပိုင်​နက်​ဖြစ်​လာ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့ သည်​လည်း​ကိုယ်​တော်​အ​မြတ်​နိုး​ဆုံး​သော မြို့​ဖြစ်​လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဤ​သူ တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ချိန်​မှ ယ​နေ့ အ​ထိ​သူ​တို့​ကူး​လွန်​ခဲ့​သော​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ခဲ့​သည့်​နည်း​တူ ကိုယ်​တော် ၏​ကြီး​မား​သော​မေတ္တာ​က​ရု​ဏာ​တော်​နှင့် အ​ညီ ယ​ခု​လည်း​သူ​တို့​ပြု​မိ​သော​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​ရန်​အ​ကျွန်ုပ် တောင်း​လျှောက်​ပါ​၏'' ဟု​ဆု​တောင်း​လေ သည်။


သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။


သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။


သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-


သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-


ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-


စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ