ထွက်မြောက် 33:17 - Common Language Bible17 ထာဝရဘုရားကမောရှေအား``ငါသည် သင့်ကိုရင်းနှီးစွာသိ၍နှစ်သက်သဖြင့်၊ သင်တောင်းလျှောက်သည့်အတိုင်းငါပြု မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ထာ ဝ ရ ဘု ရား က လည်း သင် လျှောက် သည့် တိုင်း ငါ ပြု မည်။ မျက် နှာ သာ လည်း ရ ပြီ။ သင့် ကို အ မည် ဖြင့် ငါ သိ ပြီ ဟု မော ရှေ အား မိန့် တော် မူ သော်၊ အခန်းကိုကြည့်ပါ။Judson Bible17 ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏နာမဖြင့်ငါသိ၏ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထာဝရဘုရားက မောရှေအား “သင်လျှောက်သော ဤစကားအတိုင်း ငါပြုမည်။ အကြောင်းမူကား သင်သည် ငါ့ရှေ့၌မျက်နှာရ၍ ငါသည် သင့်ကိုအမည်နှင့်တကွသိ၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။