ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
အိ ဂျစ် ပြည် တွင် အ ဖိုး မဲ့ စား ရ သော ငါး သား မှ စ၍ သ ခွါး သီး၊ ဖ ရဲ သီး၊ ကြက် သွန် အ မြိတ်၊ အ ဥ၊ အ ဖြူ များ ကို အောက် မေ့ ကြ ၏။
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
အီဂျစ်ပြည်၌ အဖိုးအခမပေးဘဲ ငါတို့စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ငါတို့အောက်မေ့၏။
ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။
စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။
သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။-