တောလည် 14:2 - Common Language Bible2 သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။- အခန်းကိုကြည့်ပါ။Garrad Bible2 မော ရှေ၊ အာ ရုန် တို့ ကို ညည်း ညူ၍ အိ ဂျစ် ပြည်၌ သော် လည်း ကောင်း၊ ဤ သဲ တော၌ သော် လည်း ကောင်း၊ သေ ခဲ့ လျှင် ကောင်း လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible2 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။ အခန်းကိုကြည့်ပါ။ |
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-