ယေရမိ 42:14 - Common Language Bible14 စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။- အခန်းကိုကြည့်ပါ။Garrad Bible14 နေ မည် မ ဟုတ်။ စစ် မှု တွေ့ ခြင်း၊ တံ ပိုး မှုတ် သံ ကြား ခြင်း၊ အ စာ မွတ် သိပ် ခြင်း များ ကို မ ခံ စား ရ သော အိ ဂျစ် ပြည် သို့ ခို ဝင် နေ ထိုင် မည် ဟူ၍ လည်း ကောင်း၊ ဆို ကြ လျှင် မူ ကား၊ အခန်းကိုကြည့်ပါ။Judson Bible14 စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့ သွား၍နေမည်ဟု ဆိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 စစ်ပွဲမကြုံ၊ တံပိုးမှုတ်သံမကြား၊ အစာမွတ်သိပ်ခြင်းမရှိရာ အီဂျစ်ပြည်သို့သွား၍ ထိုအရပ်၌နေမည်’ဟု ဆိုလျှင် အခန်းကိုကြည့်ပါ။ |
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
ယင်းသို့နားထောင်မည့်အစား၊ လျင်မြန်သည့် မြင်းများကိုစီး၍ ရန်သူတို့ထံမှထွက်ပြေး ရန်ကြံစည်ကြလေသည်။ သင်တို့၏အကြံ အစည်မှာမဆိုးလှ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်အမှန်ပင်ထွက်ပြေးရကြလိမ့် မည်ဖြစ်သောကြောင့်တည်း။ သင်တို့သည်မိမိ တို့မြင်းများကိုလျင်မြန်လှပြီဟုထင်မှတ် ကြသော်လည်း သင်တို့အားလိုက်လံဖမ်းဆီး သူတို့၏မြင်းများကပို၍ပင်လျင်မြန်ကြ လိမ့်မည်။-