အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
တောလည် 11:16 - Common Language Bible ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။- Garrad Bible ထို အ ခါ မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ ကြီး တို့ အ နက် လူ ကြီး များ၊ ဗိုလ် များ ဖြစ် ကြောင်း ကို သင် သိ သူ ခုနစ် ဆယ် တို့ ကို တွေ့ ဆုံ ရာ တဲ တော် အ နီး ငါ့ ထံ၊ သင် နှင့် အ တူ ခ စား ကြ ရ စေ ရန် စု ရုံး လော့။ Judson Bible ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးသူခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ခေါ်ခဲ့၍ သင်နှင့်အတူရပ်နေကြစေလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။ |
အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
ထာဝရဘုရားကမောရှေအား``သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်ခုနစ်ဆယ်တို့ကို ခေါ်ဆောင်၍ ထာဝရဘုရားထံတော်၊ တောင် ပေါ်သို့တက်လာလော့။ သင်တို့သည်ခပ်လှမ်း လှမ်းနေရာမှငါ့အားပျပ်ဝပ်ကိုးကွယ် ကြလော့။-
မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။-
ထာဝရဘုရားသည်မြေအိုးတစ်လုံးကိုသွား ရောက်ဝယ်ယူရန် ငါ့အားစေခိုင်းတော်မူ၏။ ကိုယ် တော်ကငါနှင့်အတူအသက်ကြီးသူပြည်သူ့ ခေါင်းဆောင်အချို့နှင့် ယဇ်ပုရောဟိတ်အချို့ တို့ကိုလည်းခေါ်ဆောင်ကာ၊-
ထိုအရပ်တွင်ရှာဖန်၏သားယာဇညာအပါအဝင် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ်ဆယ်ရှိ၏။ သူတို့သည်ကိုယ်စီကိုယ်ငှနံ့သာပေါင်းကို မီးရှို့ရာလင်ပန်းတစ်ချပ်စီကိုင်ထားကြ၏။ နံ့သာပေါင်းမှမီးခိုးတို့သည်လည်းအထက်သို့တက်၍နေ၏။-
မောရှေသည်တဲတော်တွင်းမှထွက်လာ၍ ထာဝရဘုရားမိန့်တော်မူသမျှကိုလူ အပေါင်းတို့အားပြန်ကြားလေသည်။ သူသည် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်ကိုခေါ်၍ တဲတော်ပတ်လည်တွင်ရပ်နေ စေ၏။-
ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-