Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:17 - Common Language Bible

17 ငါ​သည်​ကြွ​လာ​၍​သင်​နှင့်​စ​ကား​ပြော​ဆို​မည်။ ငါ​သည်​သင့်​အား​ပေး​အပ်​ထား​သော​စွမ်း​ရည် အ​ချို့​ကို​ယူ​၍ သူ​တို့​အား​ပေး​အပ်​မည်။ ထို အ​ခါ​ဤ​သူ​များ​အ​တွက်​ထမ်း​ရ​သော​တာ​ဝန် ကို​သူ​တို့​သည်​သင့်​အား​ကူ​ညီ​ထမ်း​ရွက်​နိုင် သ​ဖြင့် ထို​တာ​ဝန်​ကို​သင်​တစ်​ဦး​တည်း​ထမ်း ရန်​မ​လို​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ငါ လည်း သင့် အား ဆင်း သက် မိန့် မြွက် လျက် သင်၌ ရှိ သော ဉာဏ် ဝိ ညာဉ် ကို ခွဲ ယူ၍ လွှဲ အပ် ခံ ရ မည့် ထို သူ တို့ သည် သင် နှင့် တ ကွ လူ မျိုး တော့် ဝန် ကို ဆောင် ကြ လိမ့် မည်။ တစ် ယောက် တည်း ဆက် လက် မ ဆောင် ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ငါ​သည်​လည်း ထို​အ​ရပ်​သို့​ဆင်း​သက်၍ သင်​နှင့်​နှုတ်​ဆက်​မည်။ သင့်​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို ငါ​ယူ၍ သူ​တို့​အ​ပေါ်​မှာ​တင်​မည်။ ဤ​လူ​တို့​ကို သင်​တစ်​ယောက်​တည်း​သာ ဆောင်​ရွက်​ရ​မည်​မ​ဟုတ်၊ ထို​အ​သက်​ကြီး​သူ​တို့​သည် ဝိုင်း​ညီ၍ ဆောင်​ရွက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ငါ​ဆင်းလာ​၍ ထို​နေရာ​၌ သင်​နှင့်​စကားပြော​မည်​။ ငါ​သည် သင်​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ ထို​သူ​တို့​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​သည် သင်​နှင့်အတူ ထို​လူမျိုး​၏​ဝန်​ကို ထမ်း​ကြ​ရ​လိမ့်မည်​။ သို့ဖြစ်၍ သင်​တစ်ယောက်တည်း ထမ်း​ရ​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:17
32 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တို့​တည်​ဆောက် သော​မြို့​နှင့်​ရဲ​တိုက်​ကို​ရှု​စား​တော်​မူ​ရန် ကြွ​ဆင်း​လာ​၍၊-


ဘု​ရား​သ​ခင်​သည်​ထို​သို့​မိန့်​မှာ​ပြီး​နောက် အာ​ဗြ​ဟံ​ထံ​မှ​ကြွ​သွား​တော်​မူ​၏။


အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊-


ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။


ယေ​ရိ​ခေါ​မြို့​မှ​ပ​ရော​ဖက်​ငါး​ကျိပ်​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​သ​ဖြင့်``ဧ​လိ​ယ​၏​တန်​ခိုး​ကို ဧ​လိ​ရှဲ​ခံ​ယူ​ရ​ရှိ​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သူ တို့​သည်​ဧ​လိ​ရှဲ​အား​လာ​ရောက်​ကြို​ဆို​ကာ သူ​၏​ရှေ့​တွင်​ဦး​ညွှတ်​ကြ​ပြီး​နောက်၊-


ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ​ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​အား``သင်​နှင့်​မ​ခွဲ​မ​ခွာ​ရ​မီ​ငါ့​ထံ ဆု​တစ်​ခု​ကို​တောင်း​လော့'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``အ​ရှင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ နိုင်​ရန် သား​ဦး​ရ​သင့်​ရ​ထိုက်​သော​အ​ရှင်​၏ တန်​ခိုး​ဝေ​စု ကို အ​ကျွန်ုပ်​အား​ပေး​တော်​မူ​ပါ'' ဟု​တောင်း လေ​၏။


ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။


သင်​နှင့်​တ​ကွ​ဤ​သူ​အား​လုံး​တို့​သည်​ပင် ပန်း​နွမ်း​ရိ​ကြ​လိမ့်​မည်။ ဤ​တာ​ဝန်​သည်​သင့် အ​တွက်​ကြီး​လွန်း​လှ​၏။ သင်​တစ်​ဦး​တည်း ထမ်း​ဆောင်​နိုင်​မည်​မ​ဟုတ်။-


သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။-


တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ထိပ်​ပေါ် သို့​ကြွ​ဆင်း​လာ​၍ မော​ရှေ​အား​တောင်​ထိပ် ပေါ်​သို့​ခေါ်​တော်​မူ​လျှင်​မော​ရှေ​တက်​သွား လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။-


``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။


ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-


``ထို​နောက်​ငါ​သည်​မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို လူ​အပေါင်း​တို့​အ​ပေါ်​သို့​သွန်း​လောင်း​မည်။ သင်​တို့​သား​သ​မီး​များ​သည်​ငါ​၏​ဗျာ​ဒိတ် တော်​ကို ပြန်​ကြား​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​များ​သည်​အိပ်​မက်​များ​ကို မြင်​မက်​ကြ​လျက်၊ လူ​ငယ်​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို တွေ့​မြင်​ကြ​လိမ့်​မည်။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊-


သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``နုန်​၏​သား ယော​ရှု​သည်​အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သူ​ဖြစ် သော​ကြောင့် သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​သင့်​လက် ကို​တင်​လော့။-


မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။


ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။-


ငါ​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် ဝိ​ညာဉ်​ကို​ခံ​ယူ​ကြ​ရ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​သ​မျှ​ကို​သိ​ခြင်း ငှာ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သည့်​ဝိ​ညာဉ် တော်​ကို​ခံ​ယူ​ကြ​ရ​ပြီ။


သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။


သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-


ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သင်​၏​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သင်​သည် ထို​သူ​တို့​နှင့်​အ​တူ​ပါ​ဝင်​က​ခုန်​အော်​ဟစ် ကာ​ခြား​နား​သော​သူ​ဖြစ်​၍​သွား​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ