တောလည် 16:25 - Common Language Bible25 ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible25 မော ရှေ ထ၍ လိုက် ပါ သော ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ ဒါ သန်၊ အ ဘိ ရံ တို့ ရှိ ရာ သို့ သွား ရောက် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible25 မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 မောရှေသည်လည်း ဒါသန်နှင့်အဘိရံတို့ထံသို့ ထသွားသဖြင့် အစ္စရေးသက်ကြီးဝါကြီးတို့သည် သူ့နောက်သို့လိုက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-