ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
တမန်တော်ဝတ္ထု 24:16 - Common Language Bible သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။ Garrad Bible သို့ ဖြစ်၍ ဘု ရား ရှေ့ လူ့ ရှေ့ တွင် အ ခါ ခပ် သိမ်း အ ပြစ် ကင်း လွတ် သော သြ တ္တ ပ္ပ စိတ် ရှိ စေ ခြင်း ငှာ ကြိုး စား အား ထုတ် ပါ သည်။ Judson Bible ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။ |
ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-
ယုဒအမျိုးသားတို့ကသော်လည်းကောင်း၊ လူမျိုးခြားတို့ကသော်လည်းကောင်း ဘုရား သခင်၏အသင်းတော်ဝင်တို့ကသော်လည်း ကောင်း ကဲ့ရဲ့စရာအကြောင်းမဖြစ်စေရန် နေထိုင်ကြလော့။-
ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏။ ယင်း သို့ဆိုသော်ငါ၌အြုပစ်မရှိဟုမဆိုလို။ ငါ့ကို စစ်ကြောစီရင်သူကားသခင်ဘုရားပေတည်း။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။-
ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
ငါတို့ဘာသာတရားနှင့်ဆိုင်သောနက်နဲ သောသစ္စာတရားများကိုသြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်လက်ခံသူများဖြစ်ရကြမည်။-
ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။-
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။-
သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-