တမန်တော်ဝတ္ထု 24:16 - Garrad Bible16 သို့ ဖြစ်၍ ဘု ရား ရှေ့ လူ့ ရှေ့ တွင် အ ခါ ခပ် သိမ်း အ ပြစ် ကင်း လွတ် သော သြ တ္တ ပ္ပ စိတ် ရှိ စေ ခြင်း ငှာ ကြိုး စား အား ထုတ် ပါ သည်။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုကြောင့်၊ ဘုရားသခင်ကိုပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် အပြစ်တင်စရာကင်းသော အသိစိတ်အမြဲထားရှိရန် ကြိုးစားအားထုတ်ပါသည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် အကျွန်ုပ်သည် ဘုရားသခင်နှင့် လူအများရှေ့တွင် အစဉ်အမြဲ လိပ်ပြာသန့်နိုင်ရန် ကြိုးစားပါ၏။ အခန်းကိုကြည့်ပါ။ |
ငါ တို့ ဂုဏ် ရောက် ခြင်း အ ကြောင်း မှာ ငါ တို့ သြ တ္တ ပ္ပ စိတ် သက် သေ ခံ သည့် အ တိုင်း ဤ လော က၌လည်း ကောင်း၊ အ ထူး ဆို သော် သင် တို့ ရှေ့၌ လည်း ကောင်း၊ ငါ တို့ သည် လော ကီ ပ ညာ အ လျောက် မ ဟုတ်၊ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် လျော် စွာ သ နား တော် မူ သော သန့် ရှင်း ခြင်း၊ ကြည် လင် ခြင်း၌ ကျင့် ကြံ ပြု မူ ခဲ့ ကြ ၏။
သင့် မျက် ရည် များ ကို သ တိ ရ စေ သော ငါ သည် ရွှင် လန်း ခွင့် နှင့် ပြည့် စေ ရန် နေ့ ညဉ့် မ ပြတ် သင့် ကို တွေ့ မြင် လို၍ မေတ္တာ ပို့ ချက် များ တွင် သင့် ကို အ စဉ် အောက် မေ့ ရာ အ ယောင် မ ဆောင် ယုံ ကြည် သော သင့် သ ဘော ကို သ တိ ရ သ ဖြင့် ဘိုး ဘေး တို့ အ လိုက် ကြည် လင် သော သြ တ္တ ပ္ပ စိတ် နှင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို ယုံ ကြည် ခြင်း သည် သင့် အ ဖွား လော ဣ၊ အ မိ ဥ နိတ် တို့၌ အ ထက် တည် ရှိ သည့် နည်း တူ သင်၌ လည်း တည် ရှိ သည် ဟု ငါ စိတ် ချ သည် ဖြစ်၍၊