ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
တမန်တော်ဝတ္ထု 23:29 - Common Language Bible ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။- Garrad Bible သေ ဒဏ်၊ ထောင် ဒဏ် ထိုက် သင့် သော စွဲ ချက် မ ဟုတ်၊ ချင်း တို့ တ ရား ဆိုင် ရာ ဆွေး နွေး ချက် များ အ ကြောင်း စွဲ ဆို ကြ သည် ကို တွေ့ မြင် ရ ပါ သည်။ Judson Bible အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ပညတ်တရားနှင့်ဆိုင်သော မေးခွန်းများနှင့်ပတ်သက်၍ စွပ်စွဲခံရခြင်းဖြစ်ပြီး သူ၌ သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ကျခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါ၏။ |
ထိုအခါခေါင်းဆောင်များနှင့်ပြည်သူတို့က ယဇ်ပုရောဟိတ်များနှင့်ပရောဖက်တို့အား``ဤ သူသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ ငါတို့အားဟော ပြောသဖြင့်သူ့အားသေဒဏ်မပေးသင့်'' ဟုပြောဆိုကြ၏။
သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
သူသည်သေဒဏ်ခံထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမကူးလွန်ကြောင်းကို ကျွန်ုပ် အနေဖြင့်သိပါ၏။ သို့ရာတွင်သူကိုယ်တိုင် ကဘုရင်ဧကရာဇ်မင်းထံတွင်အယူခံ ပါမည်ဟုဆိုသဖြင့် သူ့ကိုဘုရင်မင်းမြတ် ထံတော်သို့ပို့ဆောင်ပေးရန်ကျွန်ုပ်ဆုံးဖြတ် ခဲ့ပါ၏။-
သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-
ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊-