တရားဟော 21:22 - Common Language Bible22 ``သေဒဏ်ထိုက်သောပြစ်မှုကြောင့် အသေ သတ်ခြင်းခံရသူ၏အလောင်းကိုတိုင်ပေါ် တွင်ဆွဲထားလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible22 အ ကယ် ၍ သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ပြု သူ ကို သေ ဒဏ် ခတ် လျက် ကား တင် ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible22 သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင် အခန်းကိုကြည့်ပါ။ |
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။
အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။