သင်သည်ဖြောင့်မတ်သောသူတစ်စုံတစ်ယောက် အား အပြစ်မကူးလွန်စေရန်သတိပေး၍ သူသည်လည်းသင့်စကားကိုနားထောင်ကာ အပြစ်မကူးလွန်ဘဲနေပါမူသူသည်သေ ရလိမ့်မည်မဟုတ်။ သင်သည်လည်းအသက် ချမ်းသာရာရလိမ့်မည်'' ဟုမိန့်တော်မူ၏။
တမန်တော်ဝတ္ထု 20:31 - Common Language Bible သို့ဖြစ်၍သတိနှင့်နေကြလော့။ ငါသည်သင် တို့အပေါင်းအားသုံးနှစ်ပတ်လုံးနေ့ညမပြတ် မျက်ရည်ကျလျက်ဆုံးမသွန်သင်ခဲ့သည်ကို သတိရကြလော့။'' Garrad Bible ထို ကြောင့် ငါ သည် သင် တို့ အ သီး အ သီး အား သုံး နှစ် တိုင် တိုင် နေ့ ညဉ့် မ ပြတ် မျက် ရည် ကျ လျက် ဆုံး မ သွန် သင် ခဲ့ ကြောင်း သ တိ ရ၍ စောင့် နေ ကြ လော့။ Judson Bible ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ်လုံး နေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။ |
သင်သည်ဖြောင့်မတ်သောသူတစ်စုံတစ်ယောက် အား အပြစ်မကူးလွန်စေရန်သတိပေး၍ သူသည်လည်းသင့်စကားကိုနားထောင်ကာ အပြစ်မကူးလွန်ဘဲနေပါမူသူသည်သေ ရလိမ့်မည်မဟုတ်။ သင်သည်လည်းအသက် ချမ်းသာရာရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။-
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။-
ယုဒအမျိုးသားတို့၏မသမာသောအကြံ အစည်များကြောင့်ဆင်းရဲဒုက္ခရောက်လျက် ရှိချိန်တွင် ငါသည်မျက်ရည်ကျလျက်စိတ် နှလုံးနှိမ့်ချကာ သခင်ဘုရား၏အစေခံ အဖြစ်ဖြင့်အမှုတော်ကိုထမ်းဆောင်ခဲ့၏။-
ကျွန်ုပ်တို့သည်စနေနေ့ညနေ၌မိတ်သဟာ ယစားပွဲဝင်ရန်အတွက်စုဝေးကြ၏။ ပေါလု သည်နောက်တစ်နေ့တွင်ထိုမြို့မှထွက်ခွာသွား ရန်အကြံရှိသဖြင့် သန်းခေါင်အချိန်တိုင် အောင်လူတို့အားဟောပြောလျက်နေ၏။-
``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
ဤသို့ရေးရခြင်းအကြောင်းမှာသင်တို့အား အရှက်ခွဲလို၍မဟုတ်။ ငါချစ်သောသားသမီး များအနေဖြင့်သင်တို့အားသွန်သင်လို၍ ဖြစ်၏။-
ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။-
သို့ဖြစ်၍ငါတို့သည်လူအပေါင်းတို့အား ခရစ်တော်၏အကြောင်းတော်ကိုဟောပြော ကြ၏။ လူတိုင်းအားရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိ ရန်ပို့ဆောင်နိုင်အံ့သောငှာ ငါတို့သည်ဉာဏ် ပညာရှိသမျှဖြင့်လူတိုင်းကိုသတိပေး သွန်သင်ကြ၏။-
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
ငါသည်သင်တို့နှင့်အတူရှိခဲ့စဉ်အခါက ဤအကြောင်းအရာများကိုသင်တို့အား ပြောပြခဲ့၏။ သင်တို့မမှတ်မိကြသလော။-
ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။
သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။
``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။