ယေဇကျေလ 3:21 - Common Language Bible21 သင်သည်ဖြောင့်မတ်သောသူတစ်စုံတစ်ယောက် အား အပြစ်မကူးလွန်စေရန်သတိပေး၍ သူသည်လည်းသင့်စကားကိုနားထောင်ကာ အပြစ်မကူးလွန်ဘဲနေပါမူသူသည်သေ ရလိမ့်မည်မဟုတ်။ သင်သည်လည်းအသက် ချမ်းသာရာရလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 သူ တော် ကောင်း မ ပြစ် မှား ရ ဟု၊ သင် သ တိ ပေး သည့် အ တိုင်း၊ မ ပြစ် မှား ဘဲ နေ လျှင်၊ သ တိ မူ သည့် အ တွက် မု ချ အ သက် ချမ်း သာ ရ လိမ့် မည်။ သင် လည်း ကိုယ့် အ သက် ကို ကယ် လေ ပြီ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သို့မဟုတ်၊ ဖြောင့်မတ်သောသူသည် ဒုစရိုက်ကို မပြုမည်အကြောင်း၊ သင်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသော ကျေးဇူးကြောင့် စင်စစ် အသက်ချမ်းသာလိမ့်မည်။ သင်သည်လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |