Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ တိ 4:5 - Common Language Bible

5 သင်​မူ​ကား​အ​ဘယ်​အ​မှု​မျိုး​နှင့်​ကြုံ​တွေ့​ရ သည်​မ​ဆို​သမ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ လော့။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည့်​အ​လုပ် ကို​ဆောင်​ရွက်​လော့။ ဘု​ရား​သ​ခင်​၏​အစေ​ခံ အ​နေ​ဖြင့်​သင်​၏​တာ​ဝန်​ရှိ​သ​မျှ​ကို​ထမ်း ဆောင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင် မူ ကား အ ရာ ရာ၌ သ တိ ရှိ လျက်၊ ဒု က္ခ ခံ လျက်၊ ဓ မ္မ က တိ က ပြု လျက်၊ အ မှု တော် ဆောင် မြဲ ဆောင် လျက် နေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သင်​မူ​ကား၊ အ​ရာ​ရာ၌ သ​မ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့။ သာ​သ​နာ​ပြု​ဆ​ရာ ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​လော့။ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား၍ ပြု​ရ​သော​ဝတ်​များ​ကို အ​ကုန်​အ​စင်​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​မူကား အရာရာ​၌ သမ္မာသတိ​ရှိ​လော့။ ဆင်းရဲ​ဒုက္ခ​ကို​ခံ​၍ ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​ပြု​ရ​မည့်​အမှု​ကို ပြု​လော့။ သင်​၏​အမှု​တော်​လုပ်ငန်း​ကို အပြည့်အဝ​ဆောင်ရွက်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သို့သော်လည်း သင်​သည် အရာရာ​၌ သတိရှိလော့။ ဆင်းရဲဒုက္ခ​ကို သည်းခံ​၍ သတင်းကောင်း​ဟောပြောသူ​တစ်ဦး ဆောင်ရွက်ရမည့် အမှု​ကို ပြု​လျက် အမှုတော်​ကို အပြည့်အဝ​ဆောင်ရွက်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:5
28 ပူးပေါင်းရင်းမြစ်များ  

အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။


တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။


``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။-


ကိုယ်​တော်​က``တိုင်း​ပြည်​တစ်​ပြည်​ကို​ငါ​သည် စစ်​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​စေ​သော​အ​ခါ ထို​ပြည်​၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို​သင်​၏ အ​မျိုး​သား​တို့​အား​ပြော​ပြ​လော့။ ပြည်​သူ ပြည်​သား​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ​လူ တစ်​ယောက်​ကို​ကင်း​စောင့်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ရ​ကြ​၏။-


``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။-


ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-


ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-


ဤ​သို့​သင်​တို့​အား​သ​တိ​ပေး​သည်​အ​တိုင်း ခပ် သိမ်း​သော​သူ​တို့​အား​လည်း​ငါ​သ​တိ​ပေး​၏။ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-


နောက်​တစ်​နေ့​၌​ထွက်​ခွာ​ပြန်​ရာ​ကဲ​သ​ရိ​မြို့ သို့​ရောက်​ကြ​၏။ ကျွန်ုပ်​တို့​သည်​ဧ​ဝံ​ဂေ​လိ တ​ရား​ဟော​ဆ​ရာ​ဖိ​လိပ္ပု​၏​အိမ်​တွင်​တည်း ခို​ကြ​၏။ ဖိ​လိပ္ပု​ကား​တ​ပည့်​တော်​များ​ကို ကူ​ညီ​ရန် ယေ​ရု​ရှ​လင်​မြို့​အ​သင်း​တော်​က ရွေး​ချယ်​သော​လူ​ခု​နစ်​ဦး​တို့​တွင်​တစ်​ဦး ဖြစ်​၏။-


လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-


ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​တည်​ဆောက်​ခြင်း​အ​လို့​ငှာ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​အ​ပေါင်း​အား​အ​မှု​တော်​ဆောင် ရွက်​ခြင်း​အ​တွက်​အ​သင့်​ပြင်​ဆင်​ပေး​ရန်​ပင်​ဖြစ် ပေ​သည်။-


သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-


သ​ခင်​ဘု​ရား​ပေး​အပ်​ခြင်း​ခံ​ရ​သည့်​အ​မှု​တော် ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ရန်​အာ​ခိပ္ပု​အား​ပြော ကြား​ကြ​လော့။


သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-


အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-


လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-


သို့​ဖြစ်​၍​ငါ​တို့​သ​ခင်​ဘု​ရား​၏​အ​ကြောင်း တော်​ကို​သက်​သေ​ခံ​ရန်​မ​ရှက်​နှင့်။ ခ​ရစ်​တော် အ​တွက်​အ​ကျဉ်း​သား​ဖြစ်​သူ​ငါ​၏​အ​တွက် လည်း​မ​ရှက်​နှင့်။ ဘု​ရား​သ​ခင်​ထံ​မှ​ခွန်​အား ကို​ရ​ရှိ​သည်​အ​တိုင်း​သ​တင်း​ကောင်း​အ​တွက် ငါ​နှင့်​အ​တူ​ဒုက္ခ​ခံ​လော့။-


ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။-


သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။-


သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-


သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။


သို့​ဖြစ်​၍​သင်​တို့​နိုး​ကြား​၍ သမ္မာ​သ​တိ​ရှိ ကြ​လော့။ ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော အ​ခါ သင်​တို့​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို အ​ဆုံး​တိုင်​အောင်​မျှော်​လင့်​လျက်​နေ​ကြ​လော့။-


သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ