ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။-
ဇေဖနိ 2:3 - Common Language Bible ကိုယ်တော်၏အမိန့်တော်တို့ကိုလိုက်နာ လျက် စိတ်နှလုံးနှိမ့်ချသူပြည်သူပြည် သားအပေါင်းတို့၊ ထာဝရဘုရား၏ထံ တော်သို့လာကြလော့။ ဖြောင့်မှန်ရာကိုပြု ကျင့်လျက်ထာဝရဘုရား၏ရှေ့တော်၌ မိမိတို့ကိုယ်ကိုနှိမ့်ချကြလော့။ ထာဝရ ဘုရားအမျက်တော်ထွက်ရာကာလ၌ သင်တို့သည်အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ Garrad Bible စိတ် နှိမ့် ချ စွာ တ ရား စောင့် သော၊ အို ပြည် သူ ပြည် သား တို့၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား၊ စိတ် နှိမ့် ချ ခြင်း တ ရား ကို လည်း ကောင်း၊ ရှာ တွေ့ ကြ လော့။ ထာ ဝ ရ ဘု ရား အ မျက် ဒဏ် ထား ရာ နေ့ ၌၊ သင် တို့ သည်၊ ပုန်း ရှောင် ခွင့် ရ ကောင်း ရ ကြ လိမ့် မည်။ Judson Bible တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ |
ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။-
အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။
ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက် ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။ အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။
ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။
သင်သည်မိမိအတွက်အထူးအခွင့်အရေး ကိုစောင့်မျှော်နေသလော။ မစောင့်မျှော်နှင့်။ ငါ သည်လူခပ်သိမ်းတို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သို့သော်လည်းသင် သည်ရောက်လေရာရာအရပ်တွင်အသက်မ သေဘဲ ထိုဘေးအန္တရာယ်မှလွတ်မြောက်လိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလေသည်။
ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-
ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။
``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-
သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။