ဇေဖနိ 2:4 - Common Language Bible4 ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ဂါ ဇ မြို့ သည် လက် လွှတ် ရာ၊ အာ ရှ ကေ လုန် မြို့ သည် ဆိတ် ညံ ရာ ရောက် လိမ့် မည်။ အာ ဇုတ် မြို့ သည် မွန်း တည့် အ ချိန်၌ နှင် ထုတ် ခြင်း၊ ဧ ကြုန် မြို့ သည် ဆွဲ နုတ် ခြင်း ခံ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible4 အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 စင်စစ် ဂါဇမြို့သည် စွန့်ပစ်ခံရလိမ့်မည်။ အာရှကေလုန်မြို့လည်း လူသူကင်းမဲ့လိမ့်မည်။ မွန်းတည့်ချိန်တွင် အာဇုတ်မြို့သားတို့ နှင်ထုတ်ခံရလိမ့်မည်။ ဧကြုန်မြို့လည်း မြေလှန်ဖျက်ဆီး ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။