ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
ဇာခရိ 6:14 - Common Language Bible ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထို တ မာ ရွက် ဗောင်း ကို၊ ဟေ လ ဒဲ၊ တော ဘိ ယ၊ ယေ ဒါ ယ နှင့် ဇေ ဖ နိ သား ယော ရှိ တို့ ကောင်း မှု အ ဖြစ်၊ ငါ ထာ ဝ ရ ဘု ရား ဗိမာန် တော် တွင် တည် ထား ရ မည်။ Judson Bible ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဖို့၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သက်သေဖြစ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယနှင့် ဇေဖနိ၏သားဟင် တို့အဖို့ ထာဝရဘုရား၏ဗိမာန်တော်၌ အမှတ်ရစရာအဖြစ် ရှိနေလိမ့်မည်။ |
ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
ကိုယ်တော်က``ပြည်နှင်ဒဏ်သင့်သူဟေလဒဲ၊ တောဘိယနှင့်ယေဒါသအနွယ်ဝင်တို့၏ အလှူပစ္စည်းများကိုယူ၍ ဇေဖနိ၏သား ယောရှိအိမ်သို့ချက်ချင်းသွားလော့။ ဤသူ အပေါင်းတို့သည် ဗာဗုလုန်ပြည်တွင်ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူများ ဖြစ်၏။-
သူတို့ပေးလှူထားသည့်ရွှေငွေများဖြင့် သရဖူတစ်ခုကိုပြုလုပ်၍ ယောဇဒက် ၏သားယဇ်ပုရောဟိတ်မင်းယောရှု၏ ဦးခေါင်းကိုဆောင်းပေးလော့။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။
အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကားသတင်း ကောင်းကြေညာရာ ကမ္ဘာအရပ်ရပ်တွင်ဤအမျိုး သမီးကိုအောက်မေ့သတိရကြစေရန် သူပြု ခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-