ဇာခရိ 6:11 - Common Language Bible11 သူတို့ပေးလှူထားသည့်ရွှေငွေများဖြင့် သရဖူတစ်ခုကိုပြုလုပ်၍ ယောဇဒက် ၏သားယဇ်ပုရောဟိတ်မင်းယောရှု၏ ဦးခေါင်းကိုဆောင်းပေးလော့။- အခန်းကိုကြည့်ပါ။Garrad Bible11 ရွှေ ငွေ လက် ဆောင် ကို ခံ ယူ လျက်၊ တ မာ ရွက် ဗောင်း ကို လုပ် ပြီး လျှင်၊ ယော ဇ ဒက် သား ပ ရော ဟိတ် မင်း ယော ရှု၏ ဦး ခေါင်း တွင် တင်၍၊ ဆင့် ဆို ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible11 ရွှေငွေတို့ကိုယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇဒက်သား ယဇ်ပုရောဟိတ်မင်း ယောရှု၏ ခေါင်းပေါ်မှာ တင်လော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ရွှေငွေတို့ကိုယူ၍ သရဖူပြုလုပ်ပြီး ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏ခေါင်းပေါ်တွင် ဆောင်းပေးလော့။ အခန်းကိုကြည့်ပါ။ |
သူသည်မိမိ၏အစေအပါးတို့အားယောရှု ၏ဦးခေါင်းထက်တွင်ဖြူစင်သန့်ရှင်းသည့် ပေါင်းထုပ်တစ်ခုကိုတပ်ဆင်ပေးရန်ခိုင်းစေ သဖြင့် ထိုသူတို့သည်လည်းယင်းသို့ခိုင်း စေသည့်အတိုင်းပြုကြ၏။ ထိုနောက်သူတို့ သည်ယောရှုအားအဝတ်သစ်များကိုဝတ် ဆင်ပေးကြ၏။ ထာဝရဘုရား၏ကောင်း ကင်တမန်သည်လည်းအနီးတွင်ရပ်လျက် နေ၏။
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။-