တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။
ဇာခရိ 2:5 - Common Language Bible ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကိုကာသော မီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။ |
တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။
ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင် ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။
ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
ထာဝရဘုရားသည်မိမိ၏ဘုန်းအသရေ တော်ကို ငါတို့အားဖူးမြင်ခွင့်ပေးတော်မူ လိမ့်မည်။ ငါတို့သည်မြစ်ကြီးချောင်းကြီး များအနီးတွင်နေထိုင်ရကြလိမ့်မည်။ သို့ ရာတွင်ထိုမြစ်ကြီးတို့တွင်ရန်သူလှေ သင်္ဘောများသွားလာရကြလိမ့်မည် မဟုတ်။-
ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
သို့ဖြစ်၍အရှင်ထာဝရဘုရားသည်ငါ့ အားဂေါဂထံသို့စေလွှတ်တော်မူ၍``ငါ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် သင်သည် မိမိနေထိုင်ရာမြောက်မျက်နှာစွန်းမှချီ လာလိမ့်မည်။ လူမျိုးတကာပါဝင်၍အင် အားကြီးမားသောမြင်းစီးသူရဲတပ် အလုံးအရင်းနှင့်ချီတက်ကာ၊-
သို့ဖြစ်၍တံတိုင်းသည်စတုရန်းပေရှစ်ရာ လေးဆယ်ရှိသောမြေကိုကာရံ၍ထားလေ သည်။ ဤတံတိုင်းကသန့်ရှင်းသောအရပ်နှင့် မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြား၍ ထားသတည်း။
ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-
ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားက``အို ယေရုရှလင်မြို့သူတို့၊ ဝမ်းမြောက်စွာသီချင်းဆိုကြပါလော့။ ငါသည် သင်တို့အလယ်တွင်ကျိန်းဝပ်ရန်ကြွလာတော် မူမည်'' ဟုမိန့်တော်မူ၏။
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
ထာဝရဘုရားသည်မိမိလူမျိုးတော်ရှိရာ အရပ်သို့ ကြွလာတော်မူ၍မြားတော်တို့ကိုလျှပ်စစ်ပြက် သကဲ့သို့ပစ်လွှတ်တော်မူလိမ့်မည်။ ထာဝရဘုရားသည်တံပိုးခရာမှုတ်တော်မူ၍ တောင်အရပ်မှလာသည့်လေမုန်တိုင်းနှင့်အတူ ချီတက်တော်မူလိမ့်မည်။
ငါသည်မိမိ၏ပြည်တော်ကိုအဘယ်တပ် မျှဖြတ်သန်း၍ မသွားနိုင်စေရန်ကာကွယ် စောင့်ထိန်းမည်။ မင်းဆိုးမင်းညစ်တို့အားလည်း ငါ၏လူမျိုးတော်ကိုညှင်းပန်းနှိပ်စက်ခွင့် ပြုတော့မည်မဟုတ်။ ငါ၏လူတို့ဒုက္ခခံစား ခဲ့ရသည်ကိုငါမြင်တော်မူပြီ'' ဟုမိန့် တော်မူပါ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-