ဆာလံ 125:2 - Common Language Bible2 တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ယေ ရု ရှ လင် မြို့ ကို တောင် တန်း ကာ ရံ သ ကဲ့ သို့၊ လူ မျိုး တော် ကို ယ ခု မှ စ၍ ကာ လ အ စဉ်၊ ထာ ဝ ရ ဘု ရား ကာ ရံ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 တောင်ရိုးတို့သည် ယေရုရှလင်မြို့ကိုဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 တောင်များသည် ဂျေရုဆလင်မြို့ကိုဝန်းရံထားသကဲ့သို့ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို ယခုမှစ၍ ကာလအစဉ်အဆက်ဝန်းရံထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-