Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 2:4 - Common Language Bible

4 ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-5 လူ သူ တိ ရ စ္ဆာန် မြောက် မြား သည့် အ တွက်၊ စည် ကား သော နိ ဂုံး ဖြစ် မည့် အ လျောက်၊ ငါ သည် ပတ် လည် တွင် မီး မြို့ ရိုး၊ အ လယ် တွင် ကြက် သ ရေ ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ထို လု လင် အား၊ အ သော့ သွား၍ ဆင့် ဆို လော့ ဟု မိန့် မှာ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သင်​သည်​ပြေး၍ ထို​လု​လင်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ယေ​ရု​ရှ​လင်​မြို့​သား လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​များ​သော​ကြောင့် ရွာ​တို့၌ နေ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 “​ထို​လုလင်​နောက်သို့ ပြေးသွား​၍ ‘​ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​လူ​နှင့် တိရစ္ဆာန်​တို့​သည် အလွန်​များပြား​လွန်း​သဖြင့် ထို​မြို့​သည် မြို့ရိုး​မ​ရှိ​သော​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 2:4
24 ပူးပေါင်းရင်းမြစ်များ  

တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။


ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-


သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။


ပြည်​နယ်​ဒဏ်​သင့်​ရာ​တွင်​မွေး​ဖွား​ခဲ့​သည့် သင်​၏​အ​မျိုး​သား​တို့​သည်​တစ်​နေ့​သော​အ​ခါ​၌ သင့်​အား`ဤ​ပြည်​သည်​ငယ်​လွန်း​ပါ​၏။ ငါ​တို့​နေ​ထိုင်​ရန်​နေ​ရာ​ထပ်​၍​လို​ပါ​သည်' ဟု​ဆို​ကြ​လိမ့်​မည်။


``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။


ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​အ​သက်​အ​ရွယ်​ငယ်​လွန်း​သည်​ဖြစ်​၍ အ​ဘယ်​သို့​ဟော​ပြော​ရ​မည်​ကို​မ​သိ​ပါ'' ဟု​လျှောက်​ထား​၏။


လူ​တို့​သည်​ယု​ဒ​ပြည်​မြို့​ရွာ​အ​ပေါင်း​တို့ တွင်​နေ​ထိုင်​ကြ​လိမ့်​မည်။ လယ်​ယာ​လုပ်​ကိုင် သူ​များ၊ သိုး​အုပ်​များ​ကို​ထိန်း​ကျောင်း​သူ များ​လည်း​ရှိ​လိမ့်​မည်။-


``ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​လူ​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ငါ​ပြည့်​နှက်​စေ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ ထာ​ဝ​ရ​ဘုရား​မြွက်​ဆို​၏။-


ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။


ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။-


ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။


ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ မြို့​ရိုး​များ​ကို အ​သစ်​ပြန်​၍​တည်​ဆောက်​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။ ထို​အ​ခါ​၌​သင်​တို့​၏​နယ် မြေ​ကျယ်​ပြန့်​လာ​မည်။-


ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။


ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။


``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​သူ​လူ​မျိုး​အ​ပေါင်း​တို့​အ​ပေါ် သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ​ရော​ဂါ ဘေး​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့ သည်​အ​သက်​ရှင်​လျက်​ရှိ​စဉ်​အ​ခါ​၌​ပင် အ​သား​အ​ရေ​များ​ပုပ်​ပျက်​၍​သွား​လိမ့် မည်။ သူ​တို့​၏​မျက်​စိ​များ​နှင့်​လျှာ​များ သည်​လည်း​ပုပ်​ပျက်​၍​သွား​လိမ့်​မည်။


အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ