အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ဇာခရိ 14:5 - Common Language Bible သင်တို့သည်တောင်နှစ်ခြမ်းခွဲရာချိုင့်ဝှမ်း လမ်းဖြင့်ထွက်ပြေးလွတ်မြောက်ကြလိမ့် မည်'' ဟုယုဒဘုရင်သြဇိ၏လက်ထက် ၌မြေငလျင်လှုပ်စဉ်အခါက သင်တို့ ၏ဘိုးဘေးများထွက်ပြေးရကြသကဲ့ သို့သင်တို့သည်လည်းထွက်ပြေးရကြ လိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိနှင့်အတူကောင်းကင် တမန်များကိုခေါ်ဆောင်ကာကြွလာ တော်မူလိမ့်မည်။ Judson Bible သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မီ လိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တစ်ဖန် ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။ |
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။-
အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။'' အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန် ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။
ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။
ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
ဤနည်းအားဖြင့်ကိုယ်တော်သည်သင်တို့ကို ကြံ့ခိုင်စေတော်မူလိမ့်မည်။ ငါတို့အရှင်သခင် ယေရှုသည်မိမိ၏ကောင်းကင်တမန်အပေါင်း တို့နှင့်အတူကြွလာတော်မူသောအခါ၌ သင် တို့သည်ငါတို့အဖဘုရားသခင်၏ရှေ့တော် တွင်အပြစ်ဆိုဖွယ်မရှိသောသန့်ရှင်း မြင့်မြတ်သူများဖြစ်ကြပေအံ့။
ထိုအခါသူယုတ်မာကြီးသည်ပေါ်လွင်ထင် ရှားလာပေအံ့။ သို့ရာတွင်အရှင်ယေရှုကြွ လာတော်မူသောအခါသူယုတ်မာကြီးအား မိမိ၏ထွက်သက်လေဖြင့်ကွပ်မျက်၍ဘုန်း ရောင်ခြည်တော်ဖြင့်ပယ်ရှားတော်မူလိမ့်မည်။-
သင်တို့သည်လည်းသည်းခံ၍စောင့်မျှော်နေ ကြလော့။ သခင်ဘုရားကြွလာတော်မူမည့် နေ့ရက်ကာလသည်နီးကပ်လာပြီဖြစ်၍ သင်တို့၏မျှော်လင့်ချက်ကိုခိုင်မာစေကြလော့။
ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-