ယောလ 3:11 - Common Language Bible11 အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ အလျင်အမြန်လာ၍၊ ချိုင့်ဝှမ်း၌စုရုံး ကြ လော့' ဟုမိန့်တော်မူ၏။'' အို ထာဝရဘုရားထိုသူတို့အားတိုက်ခိုက်ရန် ကိုယ်တော်ရှင်၏တပ်မတော်ကိုစေလွှတ်တော် မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible11 ပတ် ဝန်း ကျင် ရှိ သ မျှ သော အို လူ မျိုး ခြား တို့။ သင်း ဖွဲ့ စု ရုံး ချီ လာ ကြ လော့။ အို ထာ ဝ ရ ဘု ရား။ သူ ရဲ တော် တို့ လည်း ဆင်း ချီ စေ တော် မူ ပါ ဟု ကြော် ငြာ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible11 ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အရပ်ရပ်မှလူမျိုးတကာတို့၊ အလျင်အမြန်လာကြ။ ဤအရပ်၌ လာရောက်စုဝေးကြ။ အို ထာဝရဘုရား၊ ကိုယ်တော်၏စစ်သူရဲတို့ကို ကြွလာစေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့အားပြန်လည်စုရုံး၍ တရားစီရင်ရာချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာမည်။ ငါ့လူမျိုးတော်တို့ကိုထိုသူတို့ပြုကျင့်ခဲ့သည့် အမှုများအတွက်၊ ထိုအရပ်တွင်သူတို့အားငါတရားစီရင်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့ကိုနိုင်ငံရပ်ခြားသို့ကွဲလွင့်စေကာ၊ ငါ၏ပြည်တော်ဣသရေလကိုကွဲပြားစေ ခဲ့ကြ၏။
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
ယခုဆင်းရဲဒုက္ခရောက်လျက်ရှိသောသင်တို့ နှင့်အတူငါတို့ကိုလည်းစိတ်သက်သာရာ ရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် တန်ခိုးကြီးသောကောင်းကင်တမန်များ ခြံရံလျက်မီးလျှံနှင့်တကွ ကောင်းကင်ဘုံ မှကြွလာတော်မူသောအခါ၌ဘုရား သခင်သည် မိမိကိုပစ်ပယ်သူတို့နှင့်ငါ တို့သခင်ယေရှုအကြောင်းသတင်းကောင်း ကိုမလိုက်နာသူတို့အားအပြစ်စီရင် တော်မူလိမ့်မည်။-