မက်နှာတော်၏အလင်းကွန်တော်မျိုးအပေ" ထွန်းလင်းစေ၍ ကွန်တော်မျိုးအားပညတ်တော်တို့ကို သွန်သင်တော်မူပါ။
ဆာလံ 67:1 - Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။ Garrad Bible ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် တို့ ကို သ နား လျက်၊ ကောင်း ကြီး ပေး၍၊ မျက် နှာ တော် ရောင် ခြည် ကို လွှတ် တော် မူ ပါ စေ သော။ Judson Bible ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်းကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းချီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါတို့ကိုသနား၍ ကောင်းချီးပေးတော်မူပါစေသော။ ကိုယ်တော်၏မျက်နှာတော်အလင်းသည် ငါတို့အပေါ် ထွန်းလင်းတော်မူပါစေသော။(စေလာ) |
မက်နှာတော်၏အလင်းကွန်တော်မျိုးအပေ" ထွန်းလင်းစေ၍ ကွန်တော်မျိုးအားပညတ်တော်တို့ကို သွန်သင်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
သနားသောစိတ်နှင့်ကိုယ်တော်၏အစေခံ ကျွန်တော်မျိုးအားကြည့်တော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် အညီ ကျွန်တော်မျိုးအားကယ်တော်မူပါ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
``အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။ ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့အား ပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကိုပြတော် မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါမည်။
သခင်ယေရှု၏ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏မိတ် သဟာယတော်သည်သင်တို့အပေါင်းနှင့်အတူ ရှိပါစေသော။ ကောရိန္သုသြဝါဒစာဒုတိယစောင်ပြီး၏။
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
အို ထာဝရဘုရား၊ ကိုယ်တော်အီဂျစ်ပြည် မှကယ်တင်ခဲ့သော ဣသရေလလူမျိုး၏ အပြစ်ကိုလွှတ်တော်မူပါ။ အကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်တော်မူပါ။ အပြစ်မဲ့သူ တစ်ယောက်ကိုသတ်သောအပြစ်သည် အကျွန်ုပ် တို့အပေါ်တွင်မကျရောက်ပါစေနှင့်' ဟု ဆိုရမည်။-