ဆာလံ 80:19 - Common Language Bible19 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ကို ပြန် လာ စေ၍၊ လွတ် မြောက် ကြ ရ စေ ခြင်း ငှာ မျက် နှာ တော် ရောင် ခြည် ကို လွှတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible19 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။