Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 66:20 - Common Language Bible

20 ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ငါ့ ပ ဌ နာ ကို ပယ် တော် မ မူ၊ က ရု ဏာ တော် ကို ဖယ် တော် မ မူ သော ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​ကို​ပယ်​တော်​မ​မူ။ ကျေး​ဇူး​တော်​ကို ငါ​မှ ရုပ်​သိမ်း​တော်​မ​မူ​သော ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​၏​ဆုတောင်းချက်​ကို​လည်းကောင်း​၊ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ငါ့​ထံမှ​ပယ်ရှား​တော်​မ​မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 66:20
6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။ သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။


ရှေ့​တော်​မှောက်​မှ​ကျွန်​တော်​မျိုး​အား နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​ကျွန်​တော် မျိုး​ထံ​မှ ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။


သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ