ဆာလံ 4:1 - Common Language Bible1 အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible1 အ ကျွန်ုပ်၏ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် တော် မူ သော အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ခေါ် သော အ ခါ ထူး တော် မူ ပါ။ အကျဉ်း အ ကျပ် အ ဖြစ် မှ ထွက် မြောက် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် အား သ နား ၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible1 အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသောဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော်မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ပတ္ထနာစကားကို နားထောင်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
သင်တို့သည်ငါတို့အတွက်ဆုတောင်းပတ္ထ နာပြုခြင်းအားဖြင့်ကူညီကြသည်နှင့် အညီ ကိုယ်တော်သည်ဤသို့ကြောက်မက် ဖွယ်ကောင်းသောသေဘေးမှငါတို့အား ကယ်တင်တော်မူ၏။ နောင်အခါ၌လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါတို့အားတစ်ဖန်ကယ်တင်တော်မူဦး မည်ဟုငါတို့ယုံကြည်မျှော်လင့်ကြ၏။ သို့ဖြစ်၍ဘုရားသခင်သည်သင်တို့ တောင်းလျှောက်သည့်ဆုတောင်းပတ္ထနာများ ကိုနားညောင်းတော်မူ၍ ငါတို့အားကောင်း ချီးပေးတော်မူလိမ့်မည်။ လူအမြောက် အမြားပင်လျှင်ငါတို့အတွက်ကျေးဇူး တော်ကိုချီးမွမ်းကြလိမ့်မည်။