ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
ဆာလံ 45:3 - Common Language Bible တန်ခိုးကြီးတော်မူသောအရှင်၊ဋ္ဌားတော်ကို တပ်ဆင်တော်မူပါ။ အရှင်မင်းကြီးသည်တန်ခိုးတော်၊ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူပါ၏။ Garrad Bible တန် ခိုး ကြီး တော် မူ သော အ ရှင်၊ ဓား ကို ပေါင် တော်၌ စည်း လျက်၊ ဘုန်း အာ နု ဘော် တော် ကို ဆင် ယင် လျက်၊ Judson Bible တန်ခိုးကြီးသောအရှင်၊ ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ဓားကို ပေါင်တော်၌ စည်းတော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။ |
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။
ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။ တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့၎င်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့၎င်းဖြစ်၏။
ကိုယ်တော်သည်ငါ၏နှုတ်ကိုဋ္ဌားကဲ့သို့ထက်မြက် စေ၍၊ လက်တော်ဖြင့်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူပါ၏။ ကိုယ်တော်သည်ချွန်မြ၍အသုံးပြုရန်အသင့်ရှိသည့် မြားကဲ့သို့ငါ့ကိုဖြစ်စေတော်မူ၍၊
ဣသရေလအမျိုးသားတို့ထံသို့ပေးပို့သော ဘုရား၊ လူခပ်သိမ်းတို့၏အရှင်သခင်ဖြစ်တော် မူသောသခင်ယေရှုခရစ်အားဖြင့် ကြေညာ တော်မူသည့်ရန်ငြိမ်းခြင်းဆိုင်ရာသတင်း ကောင်းကိုသင်တို့သိကြ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-
ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
အရှင်သခင်ယေရှုခရစ်အားဖြင့် ငါတို့ အားကယ်တင်တော်မူသော၊ တစ်ဆူတည်း သောဘုရားသခင်သည် ရှေးကပ်ကာလမှ စ၍ယခုကာလနှင့်နောက်ကမ္ဘာအဆက် ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော် တော်၊ အစွမ်းသတ္တိအာဏာစက်ရှိတော် မူစေသတည်း။ အာမင်။ ရှင်ယုဒသြဝါဒစာပြီး၏။
သူသည်လက်ယာလက်ဖြင့်ကြယ်ခုနစ်လုံး ကိုကိုင်၍ထား၏။ သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် လည်းမွန်းတည့်နေကဲ့သို့တောက်ပ၏။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
ကြွင်းကျန်သောသူတို့သည်ကားမြင်းဖြူကို စီးတော်မူသောအရှင်၏ခံတွင်းမှထွက်လာ သောသန်လျက်ဖြင့်ကွပ်မျက်ခြင်းကိုခံရ ကြ၏။ ငှက်အပေါင်းတို့သည်သူတို့၏အသား ကိုဝစွာစားကြ၏။
ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-