Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 104:1 - Common Language Bible

1 အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​တို့​ဖြင့်​တန်​ဆာ​ဆင်​လျက် ရှိ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ကြီး မြတ် လှ ၍၊ ဘုန်း အာ နု ဘော် နှင့် ဆင် ယင် တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အလွန်​ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို ဆင်မြန်း​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 104:1
16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။


အ​ပြစ်​ကူး​သူ​တို့​သည်​ကမ္ဘာ​မြေ​ပေါ်​မှ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​သည်​ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။


ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး​ကြီး​သည့်​ဘု​ရင် ဖြစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။


ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။ တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။


ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-


ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''


ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-


ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ