သူကြီး 3:16 - Common Language Bible16 ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ဣ သ ရေ လ အ မျိုး သား တို့ ခိုင်း စေ ကြ ရာ၊ ဧ ဟု ဒ သည်၊ အ လျား တစ် တောင် ရှိ သန် လျက် ကို လုပ် ပြီး လျှင်၊ ယာ ပေါင် အ ဝတ် အ တွင်း ၌ စည်း နှောင် လျက်၊ အ လွန် ဝ ဖြိုး သူ၊ အခန်းကိုကြည့်ပါ။Judson Bible16 ဧဟုဒသည် အလျားတစ်တောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ယာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-