ဆာလံ 45:2 - Common Language Bible2 အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 အ ရှင် မင်း မြတ် သည် လူ့ သား တို့ ထက် တင့် တယ် ၍၊ နှုတ် တော် သည် ဖွယ် ရာ ခြင်း နှင့် မွမ်း လျက် ရှိ သော ကြောင့်၊ အ စဉ် အ မြဲ ကောင်း ကြီး မင်္ဂ လာ ကို ဘု ရား သ ခင် ပေး တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။ ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။