သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
ဆာလံ 27:6 - Common Language Bible သို့ဖြစ်၍ငါသည်မိမိအားဝိုင်းရံထားသည့် ရန်သူများကိုအောင်မြင်ခွင့်ရလိမ့်မည်။ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် လျက် ဗိမာန်တော်တွင်ယဇ်ပူဇော်မည်။ သီချင်းဆိုမည်။ ထာဝရဘုရားအား ထောမနာပြုမည်။ Garrad Bible ယ ခု မှာ၊ ဝန်း ရံ သော ရန် သူ တို့ အ ပေါ်၌ ငါ့ ဦး ခေါင်း ကို မော် စေ တော် မူ သ ဖြင့်၊ ကိုယ် တော်၏ တဲ တော်၌ ရွှင် လန်း ရာ ပူ ဇော် သက္ကာ များ ကို ဆက် သ လျက်၊ ထာ ဝ ရ ဘု ရား အား ကျူး ဧ ဖွဲ့ ဆို မည်။ Judson Bible ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။ မြန်မာ့စံမီသမ္မာကျမ်း ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။ |
သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
ထိုနောက်တတိယနေ့၌ဖာရောဘုရင်၏မွေး နေ့ကျရောက်သဖြင့် မင်းမှုထမ်းအားလုံးတို့ အားစားသောက်ပွဲဖြင့်ဧည့်ခံတော်မူ၏။ ဘုရင် သည်ဖလားတော်ဆက်ဝန်နှင့်စားတော်ဆက်ဝန် တို့ကိုထောင်မှလွှတ်၍မင်းပရိသတ်ရှေ့သို့ခေါ် ဆောင်ခဲ့စေတော်မူ၏။-
ရှောလုနှင့်အခြားရန်သူတို့၏လက်မှထာဝရ ဘုရားကယ်တော်မူခြင်းကိုခံရပြီးသည့် အခါ၌ ဒါဝိဒ်သည်အောက်ပါသီချင်းကို ဖွဲ့ဆို၏။
ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍ အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။
သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်သည်မိမိ နန်းတက်တော်မူသောနှစ်၌ ယုဒဘုရင်ယေခေါ နိအားအကျဉ်းထောင်မှလွှတ်သောအားဖြင့် ကရုဏာပြတော်မူ၏။ ယေခေါနိအကျဉ်း ကျပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်ဒွါ ဒသမလနှစ်ဆယ့်ခုနစ်ရက်နေ့၌ဤသို့ ဖြစ်ပျက်သတည်း။-
မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။
အို ထာဝရဘုရား" ကွန်တော်မျိုးကေးဇူးတော်ခီးမွမ်းသည့် ဆုတောင်းပတ္ထနာကိုလက်ခံတော်မူ၍ စီရင်တော်မူခက်တို့ကိုကွန်တော်မျိုးအား သွန်သင်တော်မူပါ။
သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း သီချင်းဆိုကြပါလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။ အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။
အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား ဝမ်းမြောက်စွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။