ယေရမိ 31:7 - Common Language Bible7 ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible7 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ယာ ကုပ် အ မျိုး ကို ရည်၍၊ အ မျိုး အ နွယ် ကို ရှေ့ ဦး က ရွှင် လန်း စွာ ကျူး ဧ ကြွေး ကြော် ဖော် ပြ ချီး မွမ်း လျက်၊ အို ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး တော် အ ကြွင်း အ ကျန် တို့ ကို ကယ် တင် တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏အထွတ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကိုကယ်တင်တော်မူပြီဟု မြွက်ဆိုလျက် သတင်းကြားလိုက်၍ ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထာဝရဘုရားက “ယာကုပ်အမျိုးအတွက် ဝမ်းမြောက်ပျော်ရွှင်စွာသီချင်းဆိုကြလော့။ လူမျိုးတကာတို့၏အထွတ်အား ကြွေးကြော်ချီးမွမ်း၍ ‘အို ထာဝရဘုရား၊ ကြွင်းကျန်သော ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးကို ကယ်တင်တော်မူပါ’ဟု မြွက်ဆိုကြလော့။ အခန်းကိုကြည့်ပါ။ |
ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။