Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 22:18 - Common Language Bible

18 မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် အ တူ ရှိ၍ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ သာ ယာ ခွင့် ကို ပေး တော် မူ သည် မ ဟုတ် တုံ လော။ တိုင်း ရင်း သား တို့ ကို ငါ့ လက် တွင်း သို့ အပ် နှင်း တော် မူ သ ဖြင့် လူ မျိုး တော် နှင့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တစ် ပြည် လုံး ကျွန် တော် မျိုး ခံ ရ ကြ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည် မ​ဟုတ်​လော။ ပြည်​သူ​ပြည်​သား​တို့​ကို ငါ့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့၊ ထို​ဘု​ရား​သ​ခင်၏ လူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​သည် နှိမ့်​ချ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 “​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​မ​ဟုတ်​လော​။ သင့်​ဝန်းကျင်​ကို​လည်း ငြိမ်းချမ်း​စေ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​ရှေ့​၊ လူမျိုး​တော်​တို့​ရှေ့​တွင် ဤ​ပြည်​ကို နှိမ်နင်း​အောင်​နိုင်​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို ငါ့​လက်​သို့ အပ်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 22:18
14 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊-


သို့​သော်​ကိုယ်​တော်​သည်​ငါ့​အား​ကတိ​တော် ကို​ပေး​တော်​မူ​၏။ ကိုယ်​တော်​က`သင်​သည်​တိုင်း နိုင်​ငံ​ကို​ငြိမ်း​ချမ်း​စွာ​အုပ်​စိုး​မည့်​သား​တစ် ဦး​ကို​ရ​လိမ့်​မည်။ သူ​သည်​မိ​မိ​ရန်​သူ​များ နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရေး​ကို​ငါ​ပေး​မည်။ သူ​သည်​မိ​မိ​နန်း​သက်​အ​တွင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ငြိမ်း​ချမ်း​လုံ​ခြုံ​စွာ ထား​မည်​ဖြစ်​၍၊ ရှော​လ​မုန် ဟု​နာ​မည်​တွင်​လိမ့်​မည်။-


ဒါ​ဝိဒ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​တော်​မူ​၍ မိ​မိ​ကိုယ်​တော်​တိုင်​ယေ​ရု ရှ​လင်​မြို့​တွင်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ လိမ့်​မည်။-


ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။


အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ချီ​တက်​တော်​မူ​မည်​ဖြစ်​၍ သင်​တို့​အား​အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​လိမ့်​မည်' ဟု​တပ်​သား​တို့​ကို​အား​ပေး​နှိုး​ဆော်​ရ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-


ယ​ခု​မှာ​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ ၏​အ​မျိုး​သား​ချင်း​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​ရ​ကြ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သတ် မှတ်​ပေး​ခဲ့​သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ရှိ​သင်​တို့​ပိုင်​နယ်​မြေ​သို့​ပြန်​ကြ​လော့။-


ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပတ်​ဝန်း ကျင်​ရှိ​ရန်​သူ​များ​၏​ဘေး​ရန်​မှ​ကင်း​ငြိမ်း စေ​တော်​မူ​၏။ ယော​ရှု​သည်​လည်း​အ​သက် အ​ရွယ်​အ​လွန်​ကြီး​ရင့်​လာ​ပြီ။-


ကျွန်​မ​ပြု​မိ​ခဲ့​သော​အ​မှား​အ​တွက်​အ​ပြစ် လွှတ်​တော်​မူ​ပါ။ အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စစ်​ပွဲ​များ​ကို​ဆင်​နွှဲ​လျက်​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရှင်​နှင့်​အ​ရှင့်​သား​မြေး​တို့​အား မင်း​မြှောက်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​၌​လည်း အ​သက်​ထက်​ဆုံး​ဘေး​ရောက်​မည်​မ​ဟုတ်​ပါ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ