Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 47:1 - Common Language Bible

1 လူ​မျိုး​အ​ပေါင်း​တို့၊ရွှင်​လန်း​စွာ​လက်​ခုပ်​တီး ကြ​လော့။ အ​သံ​ကျယ်​စွာ​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 လူ မျိုး ရှိ သ မျှ တို့၊ လက် ခုပ် တီး ကြ လော့။ ဘု ရား သ ခင့် အ ထံ တော် သို့၊ အောင် သံ လွှင့် ၍ ကြွေး ကြော် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 လူ​များ​အ​ပေါင်း​တို့၊ လက်​ခုပ်​တီး​ကြ​လော့။ ဘု​ရား​သ​ခင်​ထံ​သို့ အောင်​သံ​ကို​လွှင့်၍ ကြွေး​ကြော်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လူမျိုး​အပေါင်း​တို့​၊ လက်ခုပ်တီး​ကြ​လော့​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​အသံ​ဖြင့် ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 47:1
18 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ တော်​ကို ထော​မ​နာ​ပြု​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​နိုင် ကြ​စေ​ရန်​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​အား​လူ​မျိုး​တ​ကာ​တို့ အ​ထဲ​မှ ပြန်​လည်​ခေါ်​ဆောင်​တော်​မူ​ပါ။


ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သော ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။


``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။


ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​သို့ တက်​ကြွ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တက်​ကြွ​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သည့်​အ​သံ များ​နှင့် တံ​ပိုး​ခ​ရာ​မှုတ်​သံ​များ​ကို​ကြား​ရ​ကြ​၏။


ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။


သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။


ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။


တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''


အ​ချင်း​မြစ်​တို့၊လက်​ခုပ်​တီး​ကြ​လော့။ အ​ချင်း​တောင်​များ​တို့၊ထာ​ဝ​ရ​ဘု​ရား​သည် ကမ္ဘာ​လော​က​ကို​အုပ်​စိုး​ရန်​ကြွ​လာ​တော်​မူ ပြီ​ဖြစ်​၍ တစ်​ပြိုင်​နက်​ရှေ့​တော်​တွင်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။


ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-


ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။


အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ဝမ်း​မြောက်​စွာ ကြွေး​ကြော်​သီ​ဆို​ကြ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သူ၊စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရွှင်​လန်း​ဝမ်း​မြောက်​လော့။


အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ