ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
အ သို့ ဆို သော်၊ ငါ တို့ ကို သိမ်း သွား သူ တို့ က၊ ဂါ ထာ စီ ကုံး ကို လည်း ကောင်း၊ ညှင်း ပန်း သူ တို့ က၊ ဇိ အုန် မြို့ ဆိုင် ရာ ပီ တိ သီ ချင်း ကို လည်း ကောင်း၊ အ ဆို ခိုင်း ကြ သည် တ ကား။
အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အားဆိုကြလော့ဟု၊ သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသောအသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။
အကြောင်းမူကား ငါတို့ကိုဖမ်းဆီးခေါ်ဆောင်လာသောသူတို့က ထိုအရပ်၌ ငါတို့ကို သီချင်းများတောင်းဆိုကြ၏။ ငါတို့ကိုညှဉ်းဆဲသောသူတို့ကလည်း မိမိတို့ပျော်ရွှင်မှုအတွက် “ဇိအုန်သီချင်းကို ငါတို့အားဆိုပြကြလော့”ဟု ဆိုကြ၏။
ဒါဝိဒ်မင်းသည်အလွန်ကောင်းမွန်သောပိတ် ချောထည်ဝတ်လုံကိုဝတ်ဆင်ထားလေသည်။ ထိုနည်းတူဂီတပညာသည်များ၊ သူတို့၏ ခေါင်းဆောင်ခေနနိနှင့်၊ သေတ္တာတော်ကိုပင့် ဆောင်ကြသူလေဝိအနွယ်ဝင်တို့သည်လည်း ဝတ်ဆင်ထားသတည်း။ ဒါဝိဒ်သည်ပိတ်ချော သင်တိုင်းကိုလည်းဝတ်ထားသေး၏။-
ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။
အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။
သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့ကြောင့်ဇိအုန်မြို့သည် ထွန်ယက်ထားသောလယ်ကွက်သဖွယ်ဖြစ် လိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံ ဖြစ်လိမ့်မည်။ ဗိမာန်တော်တည်ရာတောင် သည်တောအတိဖြစ်လိမ့်မည်။
ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။