ဆာလံ 79:1 - Common Language Bible1 အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible1 အို ဘု ရား သ ခင်၊ လူ မျိုး ခြား တို့ သည်၊ ပိုင် ရာ တော် ထဲ သို့ ဝင် ပြီး လျှင်၊ သန့် ရှင်း သော ဗိ မာန် တော် ကို မ သန့် စေ လျက်၊ ယေ ရု ရှ လင် မြို့ ကို ဖြို ဖျက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible1 အိုဘုရားသခင်၊ တစ်ပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညူးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍ ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။ ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။