ဆာလံ 137:4 - Common Language Bible4 ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။ အခန်းကိုကြည့်ပါ။Garrad Bible4 ထာ ဝ ရ ဘု ရား ၏ သီ ချင်း ကို၊ နိုင် ငံ ခြား တွင် မည် သို့ ဆို ကြ ရ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible4 တစ်ကျွန်းတစ်နိုင်ငံ၌ ထာဝရဘုရား၏သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ငါတို့သည် တိုင်းတစ်ပါးသားတို့ပြည်၌ ထာဝရဘုရား၏သီချင်းကို မည်သို့သီဆိုနိုင်ကြမည်နည်း။ အခန်းကိုကြည့်ပါ။ |
ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။