သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
သူ တို့ ပြည် နယ် ကို၊ ဣ သ ရေ လ လူ မျိုး တော် အား အ ပိုင် ပေး သ နား တော် မူ ၏။
သူတို့နေရာ မြေကိုလွှဲ၍၊ မိမိလူဣသရေလအမျိုးအား အမွေကိုပေးချေတော်မူ၏။
ထို့နောက် ထိုသူတို့၏ပြည်ကို အမွေအဖြစ်၊ မိမိ၏လူမျိုးတော်အစ္စရေးအတွက် အမွေအဖြစ်ပေးတော်မူ၏။
မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။-
သူတို့၏ပြည်ကိုသိမ်းယူ၍ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေ၏အနွယ်တစ်ဝက် တို့အားခွဲဝေပေးခဲ့သည်။-
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။
ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-