တောလည် 33:54 - Common Language Bible54 ဣသရေလအနွယ်များနှင့်သားချင်းစု အသီးသီးတို့အား ထိုပြည်ကိုမဲချ၍ခွဲ ဝေပေးရမည်။ သားချင်းစုဦးရေအနည်း အများအလိုက် မြေကိုအချိုးချခွဲဝေ ပေးရမည်။- အခန်းကိုကြည့်ပါ။Garrad Bible54 သင် တို့ အ ဆက် အ နွယ် များ အ လိုက် မဲ ချ၍ အ ပိုင် ရ ကြ စေ။ ဦး ရေ များ လျှင် အ ပိုင်း ကျယ် ကို လည်း ကောင်း၊ ဦး ရေ နည်း လျှင် အ ပိုင်း ကျဉ်း ကို လည်း ကောင်း မဲ ကျ သည် နှင့် အ ညီ ပေး ဝေ ကြ လော့။ လူ အ သီး အ သီး တို့ သည် အ နွယ် များ အ တိုင်း အ ပိုင် ရ ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible54 သင်တို့အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကိုဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်းလျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း54 သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။ အခန်းကိုကြည့်ပါ။ |
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-