ယွာဘက``ရှုရိတပ်သားတို့သည်ငါတို့ အားအနိုင်ရလျက်နေပါမူ သင်သည်လာ ၍ငါ့အားကူညီလော့။ အကယ်၍အမ္မုန် တပ်သားတို့ကသင့်ကိုအနိုင်ရလျက် နေပါမူငါသည်လာ၍သင့်ကိုကူညီမည်။-
ဂလာတိ 6:2 - Common Language Bible အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။- Garrad Bible တ ယောက် ဝန် ကို တ ယောက် ထမ်း ဆောင် သ ဖြင့် ခ ရစ် တော်၏ တ ရား တော် ကို ပြည့် စုံ စေ က ရ လော့။ Judson Bible ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ကြလော့။ ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏ တရားတော်ကို လိုက်နာလိမ့်မည်။ |
ယွာဘက``ရှုရိတပ်သားတို့သည်ငါတို့ အားအနိုင်ရလျက်နေပါမူ သင်သည်လာ ၍ငါ့အားကူညီလော့။ အကယ်၍အမ္မုန် တပ်သားတို့ကသင့်ကိုအနိုင်ရလျက် နေပါမူငါသည်လာ၍သင့်ကိုကူညီမည်။-
သူ၏မြည်းသည်ဝန်ပိ၍လဲနေလျှင်လွှဲရှောင် မသွားဘဲမြည်းကိုဝိုင်း၍ထူပေးရမည်။
``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊-
ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။
ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-
အချင်းချင်းချစ်ကြလော့ဟူသောပညတ်သစ် ကိုသင်တို့အားငါပေး၏။ ငါသည်သင်တို့ကို ချစ်သည်နည်းတူသင်တို့သည်လည်းအချင်း ချင်းချစ်ကြရမည်။-
ငါ့ပညတ်ကားငါသည်သင်တို့ကိုချစ်သည့် နည်းတူ သင်တို့သည်အချင်းချင်းချစ်ကြ လော့။-
ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်စေသည့် ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည်သေခြင်းတရားနှင့် အပြစ် တရား၏လက်မှငါတို့ကိုလွတ်မြောက်စေသော ကြောင့်တည်း။-
ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
အဘယ်ကြောင့်ဆိုသော်လူတိုင်းပင် မိမိ၏ဝန်ကို ထမ်းရွက်ရမည်ဖြစ်သောကြောင့်တည်း။
သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
သို့ဖြစ်၍သင်တို့သည်လွတ်မြောက်ခြင်းဆိုင် ရာတရားတော်အရတရားစီရင်ခြင်းခံ ရကြမည့်သူတို့ကဲ့သို့ပြောဆိုကျင့်ကြံ ကြလော့။-
သင်တို့သည်``သင်၏အိမ်နီးချင်းကိုကိုယ်နှင့် အမျှချစ်လော့'' ဟုကျမ်းစာတော်တွင်ဖော် ပြပါရှိသည့်ရွှေပညတ်တော်ကိုစောင့်ထိန်း လျှင်သင့်လျော်ပေ၏။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
ငါတို့အားခရစ်တော်ပေးတော်မူသောပညတ် တော်ကား``ဘုရားသခင်ကိုချစ်သောသူသည် ညီအစ်ကိုကိုလည်းချစ်ရမည်'' ဟူ၍ဖြစ် သတည်း။