ကိုယ်တော်ရှင်၏ကတိတော်သည်ကွန်တော်မျိုးအား အသက်ရှင်စေတော်မူသည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်စဉ်အခါ၌ပင်လှင် ကွန်တော်မျိုးသည်စိတ်သက်သာမှုကိုရရှိပါ၏။
ကောလောသဲ 2:13 - Common Language Bible သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊- Garrad Bible ၎င်း ပြင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ ရုပ် ခ န္ဓာ နှင့် လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ခဲ့ သော သင် တို့ ကို ကိုယ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ တော် မူ သော် ငါ တို့ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍၊ Judson Bible ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့သည် မိမိတို့၏ အပြစ်များနှင့် လူ့ဗီဇစိတ်ကို မဖြတ်တောက်နိုင်သေးသောကြောင့် ဝိညာဉ်ရေးအရ သေလူကဲ့သို့ ဖြစ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူ၍ |
ကိုယ်တော်ရှင်၏ကတိတော်သည်ကွန်တော်မျိုးအား အသက်ရှင်စေတော်မူသည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်စဉ်အခါ၌ပင်လှင် ကွန်တော်မျိုးသည်စိတ်သက်သာမှုကိုရရှိပါ၏။
မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါ့သားသည်ယခင်ကသေသော်လည်းယခု ပြန်၍အသက်ရှင်လာပြီ။ ယခင်ကပျောက်ဆုံး သော်လည်းယခုပြန်၍တွေ့ပြီ' ဟုမိမိ၏လုပ် သားတို့အားဆို၏။ ထိုနောက်သူတို့သည်ပျော် ရွှင်ပွဲကိုဆင်နွှဲကြကုန်၏။
သင့်ညီသည်ယခင်ကသေသော်လည်း ယခုပြန်၍ အသက်ရှင်လာ၏။ ယခင်ကသူ့ကိုပျောက်ဆုံးခဲ့ သော်လည်း ယခုပြန်၍တွေ့ရ၏။ သို့ဖြစ်၍ငါတို့ သည်ဝမ်းမြောက်လျက်ပျော်ပွဲကိုဆင်နွှဲရကြ ၏' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။
ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။
ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။-
``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
သင်တို့ကိုယ်အင်္ဂါများကိုလည်းဒုစရိုက်အတွက် အသုံးမပြုကြနှင့်။ ယင်းသို့ပြုမည့်အစား သင်တို့သည်သေရာမှရှင်ပြန်သူများအဖြစ် ဖြင့်လည်းကောင်း၊ သုစရိုက်အတွက်အသုံးတော် ခံရန်လည်းကောင်း၊ မိမိတို့ကိုယ်ကိုဘုရား သခင်အားဆက်သကြလော့။-
သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော် သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောအရှင်သည်သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သောသင်တို့၏ကိုယ်ခန္ဓာကိုလည်း ရှင်စေတော်မူလိမ့်မည်။
အချင်းလူမိုက်၊ သင်စိုက်ပျိုးသည့်မျိုးစေ့သည် ဦးစွာမပျက်မစီးဘဲအပင်မပေါက်တတ်။-
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။
အခါတစ်ပါးကသင်တို့သည်မနာခံမှုနှင့် အပြစ်ဒုစရိုက်ကြောင့် ဝိညာဉ်ရေးအရသေ လျက်ရှိနေခဲ့ကြ၏။-
ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-
အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။
သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။
သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်ဆိုင်သော အခြေခံသွန်သင်ချက်ကိုချန်ထား၍ ရင့်ကျက် သည့်ခံယူယုံကြည်ချက်သို့တက်လှမ်းကြကုန် အံ့။ ထိုမူလအခြေခံတရားများကိုသင်တို့ အား ငါတို့သွန်သင်ပေးပြီးဖြစ်သဖြင့်ထပ်မံ သွန်သင်ပေးရန်မသင့်။ အကျိုးမပေးတတ်သည့် အကျင့်အကြံများကိုစွန့်လွှတ်ကာ ဘုရား သခင်အားယုံကြည်ရန်လိုအပ်ကြောင်းသင် တို့သိရှိကြပြီးဖြစ်ပေသည်။-
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။
အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။-
ထို့ကြောင့်ဝိညာဉ်နှင့်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသည့် ယုံကြည်ခြင်းသည်အသေဖြစ်သတည်း။
သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။-