ဆာလံ 71:20 - Common Language Bible20 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible20 များ ပြား စွာ ပြင်း ထန် သော ဒု က္ခ ကို၊ အ ကျွန်ုပ် တို့ အား ပြ တော် မူ ခဲ့ သော ကိုယ် တော် သည်၊ အ သက် ရှင် ပြန် စေ လျက်၊ မ ရ ဏာ့ ချိုင့် ထဲ က တစ် ဖန် တက် စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible20 ကြီးမားကြမ်းတမ်းသောဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တစ်ဖန် အသက်ကိုချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တစ်ဖန်ထမြောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 အကျွန်ုပ်အား များစွာသောဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်တို့ကို ကြုံတွေ့စေတော်မူသောကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေ၍ မြေကြီး၏နက်ရှိုင်းရာအရပ်ထဲမှ အကျွန်ုပ်ကို ပြန်တက်လာစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။